Saturday, December 19, 2009 8:09:13 AM
မော်လမြိုင်မြို့တွင် စင်တာထားရှိသည့် လူမှုအဖွဲ့အစည်း စီမံအုပ်ချုပ်မှု ဘာသာရပ်ဆိုင်ရာ အသိအမြင် ဖလှယ်ပွဲကို လာမည့် ၂၀၁၀ ခုနှစ်၌ ကျိုက်မရောမြို့တွင် အစောဆုံး ကျင်းပမည်ဖြစ်သည်။
၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့၊ စနေနေ့တွင် ကျိုက်မရောမြို့ အဝင်လမ်းဝ၊ ခုနှစ်ခွေလမ်းဆုံရှိ ရသေ့ကျောင်းတွင် နံနက် (၉) နာရီထိုး၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ ဆွေးနွေးမည့် ခေါင်းစဉ်မှာ Meeting and Commiette ဖြစ်သည်။
Sunday, November 29, 2009 1:31:28 PM
မော်လမြိုင်မြို့
၂၀၀၉ ခုနှစ်၊ နိုင်ဝင်ဘာလ (၂၈) ရက်
“လူမှု အဖွဲ့အစည်း စီမံအုပ်ချုပ်မှု ပညာရပ်ကို ကိုယ်တိုင်ဆည်းပူး လေ့လာခြင်း” သင်တန်းကို ယနေ့နံနက် (၉) နာရီထိုးတွင် မော်လမြိုင်မြို့ မွန်မြတ်သော အိမ်ထောင်စု ဘုရားကျောင်းဝင်းအတွင်း ကျင်းပရာ ရန်ကုန်မြို့မှ သင်တန်းဆရာ ဦးဇော်လင်းက တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူ (၅၆) ယောက်အား လေ့လာမည့် ဘာသာရပ်နှင့် လေ့လာပုံတို့ကို ရှင်းလင်းပြောကြားသည်။
တက်ရောက် လေ့လာသူများတွင် နိုင်ငံတကာ အစိုးရ မဟုတ်သည့် လူမှုရေး အသင်းအဖွဲ့များဖြစ်သည့် Save the Children၊ UNDP တို့မှ ဝန်ထမ်းများ ပါဝင်သကဲ့သို့ ဒေသတွင်း လူမှုရေး အဖွဲ့အစည်းများဖြစ်သည့် MSDN၊ ဂရုဏာ တို့မှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် တက္ကသိုလ် တက်နေဆဲ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ကြသည်။
“လူမှု အဖွဲ့အစည်း စီမံအုပ်ချုပ်မှု ပညာရပ်ကို ကိုယ်တိုင်ဆည်းပူး လေ့လာခြင်း” ကို ဩစတြေးလျ နိုင်ငံတွင် စတင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ၂၀၀၅ ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်သည်။ ရန်ကုန်မြို့တွင် စင်တာ (၂) ခုရှိပြီး လေ့လာနိုင်သည့် အခြားမြို့များမှာ
- ပုသိမ်
- ဘားအံ
- ပဲခူး
- တောင်ငူ
- မြစ်ကြီးနား
- ထားဝယ်
- မန္တလေး
- လားရှိုး
- ကလေး
- တောင်ကြီး
- နေပြည်တော်
တို့ဖြစ်သည်။
Saturday, November 28, 2009 1:33:02 PM
Community Management in Mawlamyine
Community management courses meeting is opened for 56 trainee at Holy Family Church on November 28, 2009. There are some classes opened since 2005. Some of the trainee are finished their blocks completely. A block has two courses and the trainee must post 16 courses.
The courses meeting is start at 9AM. Some trainee are late. But the meeting is finished smoothly and funny. Some are from NGOs, such as Save the Children and UNDP, and other organizations. Some are government servants and some are students. All of the trainee are so active for the courses.
The courses have been divided into two languages, Burmese and English.
The trainer guide to the trainee today is Mr. Zaw Linn. He is from Yangon CM Center.