Thursday, 25. September 2008, 14:43:14
Poem
ချစ်ဖူးသူတိုင်းလွမ်းတတ်ကြတယ်
လွမ်းဖူးသူတိုင်းလည်းချစ်တတ်ကြတယ်
မချစ်ဖူးသေးတဲ့
အချစ်ရူးလေးအတွက်တော့
အချစ်ဦးဟာထာဝရရင်မှာ
လွမ်းမောတမ်းတမေ့မရခဲ့ပါ….။
Lyric: errorlovez
Wednesday, 24. September 2008, 09:35:51
Poem
ချစ်သူကို ခဏလေးပဲတွေ့လိုက်ရတယ်
ခဏလေးအတွင်းမှပဲ..ချစ်မိခဲ့တယ်
ခဏလေးပဲမကြာပါဘူး..ချစ်သူတွေဖြစ်ခွင့်ရတယ်
ခဏလေးပဲချစ်ခွင့်ရတယ်…အခုသူ
ထွက်သွားတော့မယ်တဲ့………
ခဏလေးအတွင်းမှာဆုံခဲ့..တွေ့ခဲ့..ချစ်ခဲ့ကြသလိုပဲ
မင်းသွားတဲ့အခါလည်း….ခဏလေးပဲသွားပါကွယ်
သိပ်မကြာစေနဲ့….ငါမျှော်နေတယ်..မမေ့ပါနဲ့…။
Lyric….errorlovez
အွန်လိုင်းချစ်သူကဗျာများဆီသို့
Wednesday, 24. September 2008, 09:32:05
Poem
အိမ်မက်တွေကမွန်ကြပ်တဲ့
နေရာကနေရုန်းထွက်ချင်ပေမယ့်
မထွက်နိုင်ခဲ့ဘူး………….
ငါ့အချစ်တွေက..နင့်ရဲ့ရက်စက်မှုတွေအောက်က
ပြေးထွက်ချင်ပေမယ့်..
ပြေးမထွက်နိုင်ခဲ့ဘူး……………………
ဒါပေမယ့်…..ငါပေးဆပ်နိုင်တာ
ပေးဆပ်ခွင့်ရလို့..ကျေနပ်နေပါတယ်
အကြင်နာကြွေးတွေ
ဒီဘဝမှာပဲကြေစေသော်။
Lyric……errorlovez
အွန်လိုင်းချစ်သူကဗျာပြတိုက်သို့
Wednesday, 24. September 2008, 09:31:03
Poem
ငါ့ရပ်ငါ့မြေ…ငါ့ဌာနေ
မြစ်တွေချောင်းတွေ…တောင်တန်းတွေ
ဆီးကာဝိုင်းရံထားပါရက်နဲ့
ဘယ်အချိန်…ဘယ်အခါ…ဘယ်ရာသီက
ငါ့ရင်ခွင်မှာ..အမြစ်တွေတွယ်ပြီး
ရစ်ဖွဲ့ပွင့်လန်းနေခဲ့တာလဲ…ချယ်ရီရေ
ဗီဇာမပါ..နယ်ကျော်လာတဲ့…
တပြည်သူပန်းချယ်ရီကိုမှ
နယ်ခံကျော်ပန်းပိတောက်တွေထက်
နှစ်သက်ခုံမင်..စွဲလမ်းမိလို့
မင်းကြောင့်ငါရူးရတော့မယ်….ချယ်ရီရေ
Lyric :errorlovez
Wednesday, 24. September 2008, 09:29:32
Poem
တစ်ခါတုန်းကနင့်အပြုံး
ရှုမဆုံးလို့….မော်ဖူးလိုက်ရတဲ့ငါ
တစ်ခါတုန်းကနင့်...အနမ်းကို
ဝိုင်တစ်ခွက်လို…ယစ်မူးခဲ့ရတဲ့…ငါ
တစ်ခါတုန်းက…နင့်စကား
ဆည်းလည်းသံလား….ယုံစားလိုက်ရတဲ့ငါ
တစ်ခါတုန်းက..နှုတ်ဆက်သလို..
အခုနင်နှုတ်ဆက်လိုက်တော့
ခံစားရတော့လဲ..ငါ
တစ်ခါတုန်းကနင်မုန်းသလို
အခုမုန်းလိုက်တော့လည်း
ကြေကွဲလိုက်ရတဲ့…ငါ
သြော်…ငါဆိုတာ..တစ်ခါတုန်းက..ငါပါပဲလား
Lyric :errorlovez
Wednesday, 24. September 2008, 09:25:25
Poem
သူ့ပါးမို့မို့…ချစ်စရာမို့
သူ့မျက်ဝန်းရယ်…လဝန်းနှယ်
သူ့ကိုယ်ရောင်ရယ်…ငွေအဆင်းခြယ်
အလင်းတွေပေးတယ်..တစ်ကမ္ဘာလုံးဝယ်
ကြယ်လေးတွေလည်းမင့်အနားဝယ်
ညဆိုစုဝေးခစားတယ်…
ငါလည်းအမြဲတမ်းမင့်အနားဝယ်
ခစားချင်တယ်..တစ်သက်လုံးကွယ်
မြတ်နိုးခွင့်တော့..ပေးသင့်တယ်
ချစ်လှစွာသော..နတ်သမီးရယ်
Lyric :errorlovez
Wednesday, 24. September 2008, 07:03:25
မင်းအထင်ကြီးတဲ့ဘဝတွေ
မင်းအထင်ကြီးတဲ့…ဂုဏ်တွေ
မင်းသိပ်မက်မောပါတယ်ဆိုတဲ့
ကြွယ်ဝမှုတွေကို….ငါမင်းအတွက်
ဖန်တီးမပေးဆပ်နိုင်ခဲ့ပေမယ့်
ဖြူစင်တဲ့မေတ္တာတရားကိုတော့
ငါမင်းအတွက်…ပေးဆပ်ခဲ့ပါတယ်
အဲဒီမေတ္တာတရားတွေကို
မင်းအထင်ကြီးတဲ့ဂုဏ်တွေငွေတွေနဲ့ပဲ
အမှုန့်ချေအရည်ဖျော်ပစ်လိုက်တာ
အခုလည်း…အခိုးအငွေ့တွေအဖြစ်
အားလုံးအငွေ့ပျံပျောက်ဆုံးကုန်ပါပြီ
အချစ်တစ်ခုကိုဦးနှောက်နဲ့…စဉ်းစားတာ
စစ်မှန်တဲ့မေတ္တာတစ်ခုမဖြစ်နိုင်သလို
မတ္တာတရားတစ်ခုကိုဦးနှောက်နဲ့ဆုံးဖြတ်တာ
သန့်ရှင်းတဲ့အချစ်မဖြစ်နိုင်ဘူးဆိုတာ
တစ်နေ့မင်းသိလာတဲ့..အချိန်ဟာ
မင်းအတွက်တော်တော်လေးနှောင်းခဲ့ပါပြီ
တစ်နေ့နေ့တစ်ချိန်ချိန်မှာ…
မင်းအထင်ကြီးတဲ့ဘဝတွေ…ငွေတွေ
ဂုဏ်တွေကိုမင်းရှာတွေ့ပိုင်ဆိုင်ခဲ့တယ်ဆိုရင်တောင်
ငါနင့်အပေါ်မှာထားခဲ့တဲ့…မေတ္တာတရားမျိုးကိုတော့
ရှာတွေ့မပိုင်ဆိုင်ခဲ့ဘူးဆိုတာကိုတော့
နင်ဝန်ခံလိုက်ပါ.။ Lyric:
Wednesday, 24. September 2008, 06:56:39
Poem
ငယ်စဉ်ကတည်းက…တယုတယ
မြတ်နိုးစွာနဲ့…ပျိုးခဲ့ရတဲ့ပန်းငယ်ရေ
အလှတွေသွယ်..ရနံ့တွေကြွယ်တော့
လှမ်းခြွေသူတွေလက်မှာ…နွမ်းကြွေမှာစိုးရိမ်ပါတယ်
ပန်းငယ်…ရယ်
ထားခဲ့တဲ့သံယောဇဉ်တွေ
မက်ခဲ့တဲ့အိမ်မက်တွေ..
တစ်စစီလွှင့်ထွက်ကွဲကြေသွားပါစေ
ပန်းလေးမင်းသာသွားလိုရင်
ဒီဥယျာဉ်ကြီးကခွင့်ပြုပါတယ်…ပန်းငယ်ရယ်
တစ်ချိန်ချိန်မှာ..မင်းဘဝ…
အလှတွေကွယ်လို့…ရနံ့တွေပြယ်
လှမ်းခြွေသူတွေ…ပစ်ကာပယ်လဲ
ဝမ်းနည်းကြေကွဲ…မငိုကြွေးပါနဲ့
ပန်းငယ်..ရယ်
မင်းဘဝအစ…ဒီဥယျာဉ်ကြီးက
စိုးရိမ်ကင်းကွာ…ကောက်ယူကာ
ပွေ့ဖက်နှစ်သိမ့်ပေးပါ့မယ်…
ပြန်လာနိုင်တယ်…ပန်းငယ်ရယ်
lyric:@errorlovez