Skip navigation.

ကမ္ဘာငယ်လေး

Freedownloads

မေရယ်

မေ့လက်ကလေး
ယုယမလို့ဖမိုးနဲ့ဖ၀ါးထိမည်ပြုစဉ်
အထိတ်တလန့်မေပြောတာ
မောင်ရယ်ဒီအတိုင်းပဲချစ်တဲ့။
မေ့ပခုံးလေး
ကြင်နာမလို့..မောင့်လက်နဲ့အုံးမိုးမည်ပြုစဉ်
အလန့်တကြားမေပြောတာ
မောင်ရယ် အဆင့်မတတ်နဲ့.တဲ့။
မေ့ဆံနွယ်လေး
shampooနံလေး..ရှုရှိုက်မလို့
မောင့်နှာဝလေး...မေ့နားတိုးစဉ်
ကြောက်လန့်..တကြားမေခေါင်းခါတာ
မောင်ရယ်...မေမနေတတ်လို့ တဲ့..။
မေ့ပါးကလေး
သနပ်ခါးနံ့လေး..နမ်းရှိုက်မိလို့
မောင်နဲ့မျက်ချင်းဆိုင်စဉ်
ပြုံးပြုံးလေးနဲ့မေပြောတာ
မောင်ရယ် သနပ်ခါးတွေပျက်ကုန်မယ်တဲ့။
ဒီလိုဆို...မေရယ်
မောင်နဲ့မေကြား ပုဝါတစ်ကမ်းစည်းလေးခြားလို့
မောင်နဲ့မေ ဘယ်တော့များမှနီးကြရမယ်
ဘယ်တော့များမှနီးကြရမယ်။


14.5.08
မနောချို

တိမ်ဖုံးတဲ့လမင်း

Write a comment

You must be logged in to write a comment. If you're not a registered member, please sign up.

Download Opera, the fastest and most secure browser
December 2009
M T W T F S S
November 2009January 2010
1 2 3 4 5 6
7 8 9 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30 31