"ပင်လယ်ကဝေ"
Tuesday, January 12, 2010 6:52:29 AM
ခပ်ပြင်းပြင်း ခရီးကြမ်းမှာ
အတောမသတ်တဲ့ လောဘရမ္မက်နောက်
တကောက်ကောက်နဲ့ လျှောက်ခဲ့ရတာ
ကျုပ်တစ်ယောက်တည်းပါ
အခုထိ..
ဘယ်သူ့ အပေါ်မှ မယုတ်မာခဲ့တာ
ဘုရားသခင်သာအသိဆုံးပါ
ကျုပ်စေတနာဟာ ကျုပ်ရဲ့ ရွက်တိုင်ဖြစ်သလို
ကျုပ်စိတ်ဓါတ်ဟာလည်း
ဘဝတစ်ခုလုံးရဲ့ ပဲ့ တစ်ခုဖြစ်တယ်
အဲဒိ ..............
ပဲ့ ရဲ့ ပဲ့ ကိုင်၇ှင်ဟာ
မင်း အပေါ်မှာပဲ မူတည်ခဲ့တယ် ဆိုတာ
အပျက်ပျက်နဲ့ သွေးထွက်မှ သိခဲ့ပေမယ့်
ထက်ပိုင်းပြတ်ရွက်တစ်စုံ
ခြစားသွားတဲ့ ပဲ့တစ်ခြမ်းနဲ့
ဒီပင်လယ်ကို ကျုပ် ဘယ်လိုဖြတ်ရမလည်းဟင်
ပန်းတိုင်ရဲ့ လမ်းကြောင်းဟာ ပြောင်းလွဲသွားခဲ့တာပါ
အဲဒိအတွက်
ဘဝကို အ၇ှုံးမပေး တက်ကျိုးလို့ လက်နဲ့ လှော်
လှေခွက်ကြီးကျန် အလံမလဲခဲ့တာ
ကျုပ်အမှားတွေလား ဗျာ
ကဲ.........လမ်းအဆုံးမှာ
ကျွန်းမတွေ့ရင်နေ ကျုပ် ကိုကျုပ်
လောကဓံလှိုင်းတွေ ဖြတ်ကျော်ပြီး
ခင်များဆီ အရောက် လှမ်းခဲ့ပါ့မယ်
ဘယ်အချိန်လည်း
ဘယ်တော့လည်း
ဘယ်မှာလည်း
လာမမေးနဲ့ ဒီမှာ.
လှော်ခပ်မှုတွေနဲ့ အလုပ်၇ှုပ်နေတယ်...။
အတောမသတ်တဲ့ လောဘရမ္မက်နောက်
တကောက်ကောက်နဲ့ လျှောက်ခဲ့ရတာ
ကျုပ်တစ်ယောက်တည်းပါ
အခုထိ..
ဘယ်သူ့ အပေါ်မှ မယုတ်မာခဲ့တာ
ဘုရားသခင်သာအသိဆုံးပါ
ကျုပ်စေတနာဟာ ကျုပ်ရဲ့ ရွက်တိုင်ဖြစ်သလို
ကျုပ်စိတ်ဓါတ်ဟာလည်း
ဘဝတစ်ခုလုံးရဲ့ ပဲ့ တစ်ခုဖြစ်တယ်
အဲဒိ ..............
ပဲ့ ရဲ့ ပဲ့ ကိုင်၇ှင်ဟာ
မင်း အပေါ်မှာပဲ မူတည်ခဲ့တယ် ဆိုတာ
အပျက်ပျက်နဲ့ သွေးထွက်မှ သိခဲ့ပေမယ့်
ထက်ပိုင်းပြတ်ရွက်တစ်စုံ
ခြစားသွားတဲ့ ပဲ့တစ်ခြမ်းနဲ့
ဒီပင်လယ်ကို ကျုပ် ဘယ်လိုဖြတ်ရမလည်းဟင်
ပန်းတိုင်ရဲ့ လမ်းကြောင်းဟာ ပြောင်းလွဲသွားခဲ့တာပါ
အဲဒိအတွက်
ဘဝကို အ၇ှုံးမပေး တက်ကျိုးလို့ လက်နဲ့ လှော်
လှေခွက်ကြီးကျန် အလံမလဲခဲ့တာ
ကျုပ်အမှားတွေလား ဗျာ
ကဲ.........လမ်းအဆုံးမှာ
ကျွန်းမတွေ့ရင်နေ ကျုပ် ကိုကျုပ်
လောကဓံလှိုင်းတွေ ဖြတ်ကျော်ပြီး
ခင်များဆီ အရောက် လှမ်းခဲ့ပါ့မယ်
ဘယ်အချိန်လည်း
ဘယ်တော့လည်း
ဘယ်မှာလည်း
လာမမေးနဲ့ ဒီမှာ.
လှော်ခပ်မှုတွေနဲ့ အလုပ်၇ှုပ်နေတယ်...။

