"ကျွန်တော် နဲ့ အမှား "
Thursday, January 14, 2010 8:57:50 AM
ရင်ထဲကဆန္ဒတစ်စုံ
မင်းအတွက် ရည်စူးပြီးလပြည့်ညရဲ့
၁၀ နာရီတိုင်းဆွေးဆွေးငေးငေး ဆုတောင်းဆဲပါကွယ်
ဆုတောင်းတိုင်းပြည့်စေမယ့်
ဘုရားသခင်ကိုတိတ်တိတ်လေး
ကိုယ့် ကိုပြောပေးပါနော်
ကောင်ကင်က
ဖွေးဖွေးနဲ့ လမင်းဆိုပြီး လမိုက်ညကို
မသိနားမလည်တဲ့ ဒီကောင်မာကျူရီမီသီးအောက်
ဖီလင်အပြည့်နဲ့ မန်တက်ရတာလည်း
အဆုပ်တွေကိုး
ရောင်လို့ပါကွယ်
လမင်းဟာ မင်းသာဖြစ်ခဲ့မယ်ဆိုရင်တောင်
ကိုယ့် ကိုဂရုဏာလေးတဖဲ့နှစ်ဖဲ့လောက်စွန့်ကြဲမှာ အမှန်ပါကွယ်
အခုတော့...
မင်းဟာ လမင်းနေရာရောက်လို့
မတုန်မလှုပ်မြုံစိစိနဲ့ ခေတ်သစ်ရဲ့ မတေမိလားကွယ်
မြင်သာမြင်ရ
မကျင်ရတဲ့လမင်းကြီတောင်
ကိုယ်တစ်ယောက်ရဲ့ဆုတောင်းသံကြောင့်အရည်ပျော်လောက်ပါရဲ့ကွယ်
အဆက်အသွယ်
ခပ်ကွာကွာနဲ့မြန်မာပြည်ရဲ့တစ်နေရာ
ကမ္ဘာဂြိုလ်ရဲ့ထောင့်တစ်ထောင့်မှာကိုယ်တို့တွေပြန်ဆုံကောင်းပါရဲ့ကွယ်
လမင်းရယ်
လမ်းကြုံရင်သူတစ်ယောက်ကို
မာကျူရီ နဲ့ လမင်း မှားဆုတောင်းတဲ့ ဒီငနဲ ကို
လီမ်းဆွတ်အမှု ဝေဒဏာ တပွေ့တပိုက်နဲ့ အယူခံမရှိ သေဒဏ်သာပေးလိုက်ပါလို့