Monday, 11. May 2009, 06:28:14
ချစ်သူအတွက်.... တောင်ပေါ်ကသစ်ပင်ရိပ်ထက် တောင်အောက်က စမ်းချောင်းကလေးဖြစ်ချင်ပါတယ် မင်းမောတဲ့အခါ မျက်နှာမသစ်ရင်တောင် ခြေဆေးလို့ရအောင်ပေါ့
Monday, 11. May 2009, 06:27:53
Monday, 11. May 2009, 06:14:34
ကောင်မလေးရေလွမ်းလို့သေတော့မယ် မလွမ်းပဲလည်းမနေနိုင်တဲ့ငါ့အဖြစ် ကြည့်ရက်စရာတောင်မရှိ လူတွေကတော့ပြောကြပါရဲ့ လွမ်းလို့မသေနိုင်ပါဘူးတဲ့ ကိုကတော့သေလောက်အောင် ကိုလွမ်းနေရပြီကောင်မလေ
Monday, 11. May 2009, 06:09:03
နွေဦးမှာ လေရုးထတဲ့ အချစ်မျိုးနဲချစ်ခဲ့တာမဟုတ်ပါဘူး အို...ငါးလေးရယ် ငါဟာလှိုင်းလုံးဆိုတော့ မင်းလေးဟာအမြဲတမ်း ငါ့ရင်ခွင်ထဲမှာ ထာဝရရှိနေမှာပါ
Monday, 11. May 2009, 03:12:51
လွမ်းတရ် ( အနေဝေးရင် )
ပိုင်ဆိုင်ချင်တရ် ( တစ်ဘ၀စာ )
အရမ်းချစ်တရ် ( တစ်သက်လုံး )
သတိရတရ် ( မတွေ့ရတဲ့ အခါ )
အတူနေချင်တရ် ( လိုက်လျောရင် )
နမ်းချင်တရ် ( ဖြူစင်စွာ )
ထိုင်ကြည့်ချင်တရ် ( ၂၄နာရီ )
ချော့သိပ်ချင်တရ် ( ညတိုင်း )
သီချင်းဆိုပြချင်တရ် ( အိပ်ခါနီး )
မျှော်လင့်ချင်တရ် ( ရင်ခုန်စွာ )
အရမ်းပြန်ချစ်ပါ ( အလိုလားဆုံး )
အရမ်းဂရုစိုက်ပါ ( အမြဲ )
မမုန်းဘူး ( ဘယ်တော့မှ )
လက်ကလေးကိုင်ချင်တရ် ( ခွင့်ပြုရင် )
အဆင်မပြေဘူး ( မင်းမရှိတဲ့အချိန် )
မခွဲချင်ဘူး ( ယုံ )
ထပ်ခါထပ်ခါပြောချင်တရ် ( i loveu)
်♥အချစ်နတ်သမ္မီးလေး♥
Thursday, 7. May 2009, 06:53:39
အွန်လိုင်းမှာ အချစ်ဇတ်လင်းခင်းမယ့်သူတွေနဲ့ အချစ်ဇတ်လမ်း ခင်းချင်တဲ့
သူတွေ အတွက် ရည်စူးပြီး ရေးလိုက်တဲ့ ပိုစ့်ပါ။ အွန်လိုင်း အချစ်ဆိုတာ
စိတ်ကူးယဉ်အရမ်းဆန်လွန်းတယ်။ အွန်လိုင်းမှာ တစ်ယောက်အကြောင်း
တစ်ယောက်မသိပဲနဲ့ ချစ်ခွင့်ပန်ကြတယ်။ အဖြေပေးကြတယ်။ ဒါဟာ
အချစ်နဲ့ပါတ်သက်ပြီး ရူးသွပ်မှုလို့ လူတော်တော်များများက ပြောကြတယ်။
အချစ်ကို ကလေးကစားစရာလို ဆော့ကစားတာဟာ နောက်ဆုံးမှာ မိန်းခလေးတွေဘက်ကပဲ
နစ်နာတာများပါတယ်။ ယောက်ကျားတဲ့...... စားလို့ရရင် အကုန်စားမှာ
ကျားတွေပဲနော်။
ပြောကြည့်ပါ။ သင်သာမိန်းခလေးဆိုရင်....။ သူ့ကိုငါတကယ်မချစ်ပါဘူး၊ ဒါပေမဲ့
အပျော်သဘောနဲ့ သူ့ကိုငါအဖြေပေးတယ်။ သူနဲ့လည်း ဘာမှအများကြီး
မဖြစ်သေးပါဘူး၊ ဘာကိုနစ်နာမှာလဲလို့ပေါ့။ ကျနော်က ယောက်ကျားလေး
ယောက်ကျားလေးဘက်ကပဲ ပြောမယ်။ ရည်းစားများတဲ့ မိန်းခလေးဟာ
မိန်းမကောင်းမဟုတ်တော့သလို ပတ်ဝန်းကျင်မှာလည်း သူ့ရှေ့မှာသာ
ဘာမှမပြောပေမဲ့ သူ့နောက်ကွယ်မှာ သူ့အကြောင်းနဲ့ ပါတ်သက်ပြီး
မကောင်းသတင်းတွေက မွှေးနေတာကိုလည်း သူမသိဘူးလေ။
ယောက်ကျားလေးဘက်က ကြည့်ကြရအောင်။ယောက်ကျားလေးဘက်က ငါ့မှာနစ်နာစရာမရှိဘူး။
ကြုံတုန်း ကြောင်လိုက်အုံးမယ်ဟ ဆိုတဲ့ သူတွေများပါတယ်။
မိန်းခလေးဘက်ကလည်း၊ အွန်လိုင်းမှာပဲ အပြင်မှာမဟုတ်ပါဘူး။
ဘာမှမဖြစ်ပါဘူးဆိုပြီး အထာတွေပေးတော့ ယောက်ကျားလေးဘက်က
အီစီကလီတွေလုပ်တော့တာပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ တကယ်ချစ်သွားတဲ့သူ
အဲဒီ့အပေါ်မှာ သာယာသွားတဲ့သူ ကတော့ ခံစားရမှာ မုချပဲ။ တကယ့်အချစ်နဲ့
နှစ်ဦးနှစ်ဖက်ချစ်ကြရင် အကောင်းဆုံးပေါ့။ တကယ်တော့ အချောင်ရရင်
ဘာမဆိုလိုချင်ကြတာ ယောက်ကျားတွေပါ။
ကျနော့်မှာ အလုပ်အတူတွဲလုပ်နေတဲ့ -Computer Operator -တစ်ယောက်ရှိတယ်။
သူက ဖိလစ်ပိုင်လူမျိုးပါ။ ကျနော်အခုပြောမှာ သူ့အကြောင်းကိုပြောမှာပါ။
အင်တာနက်သုံးတဲ့ သူတွေများသောအားဖြင့်က ချက်တင် မဝင်တဲ့သူ
မရှိသလောက်ရှားပါတယ်။ အဲလိုပဲ သူလည်းချက်တင် ကိုနေ့တိုင်းဝင်ပြီးတော့ကို
ချက်တာ။ အွန်လိုင်းမှာ လက်ရှိ သုံးယောက်နဲ့ ကြိုက်နေတုန်းမှာပဲ
ဟောင်ကောင်က သူတို့ ဖိလစ်ပိုင်လူမျိုးကောင်မလေး တစ်ယောက်နဲ့ ငြိသွားတယ်။
အဲဒီ ဟောင်ကောင်က ကောင်မလေးကလဲ သူ့ကို လုံးဝကိုကြွေနေတာ။
ကျနော့်သူငယ်ချင်းကလည်း ရုပ်ကဖြောင့်တာကိုး။ (သူတို့က yahoo
-ကိုပဲသုံးတော့ web cam -ကြည့်လို့ရတယ်နော်။)
အဲဒီကောင်မလေးက ဘယ်လောက်တောင်ကြွေလဲဆို၇င် ချက်တင်မှာ Typing
ရိုက်ပြီးပြောရတာ အားမရလို့ ည အိပ်ယာဝင် ရင်တစ်ခါ မနက်အိပ်ယာထရင် တစ်ခါ၊
နေ့ခင်း အလုပ်လုပ်နေ့တဲ့ အချိန်မှာ တစ်ခါ၊ တစ်နေ့ သုံးခါ
ကျနော့်သူငယ်ချင်းဆီကို ဖုန်းခေါ်ပါတယ်ခင်ဗျာ။ ကောင်မလေးက ဘယ်လောက်တောင်
ချစ်လဲ ဆိုရင် ကျနော့်သူငယ်ချင်းနဲ့ ချက်တင် ဝင်ရင်းနဲ့ သူ့အိမ်က အဖေ၊
အမေတွေကိုပါ ခေါ်ပြီးတော့ သူ့ရဲ့ချစ်သူ ကျနော့် သူငယ်ချင်းနဲ့
မိတ်ဆက်ပေးတယ်။ နောက်ပိုင်းကျတော့ သူနဲ့ကောင်မလေး ချက်တင်ဝင်ရင်းနဲ့
ကောင်မလေး နည်း2 busy -သွားရင် ကောင်မလေး အဖေအမေတွေနဲ့ပါ ခဏတစ်ဖြုတ်
ချက်တင်ဝင်ဖြစ်တာ ပုံမှန်လို ဖြစ်လာတယ်။
ယောက်ကျားလေးတစ်ယောက် ရည်းစားနှစ်ယောက် သုံးယောက်အပြိုင်ထားတာ
အထူးအဆန်းမဟုတ်ပါဘူးလို့ သင်က ကျနော့်ကို ပြောလိမ့်မယ်။
ကျနော်ပြောဖို့မေ့နေလို့ပါ။ သူ့မှာ ကလေးတစ်ယောက်နဲ့ မိန်းမရှိတယ်နော်။
ကလေးက အသက်တစ်နှစ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ ပြည့်သွားခဲ့တာပါ။
ကျနော်တို့တွေ သူ့ကိုတားကြပါသေးတယ်။ အဲလိုမလုပ်သင့်ဘူး၊ ဟိုမှာ
မင်းအကြောင်းသိသွားရင် အရမ်းခံစားနေရမှာ လို့ပြောပေမဲ့ သူက
သူ့ရည်ရွယ်ချက်နဲ့သူကိုး။ နောက်မှသိလိုက်ရတာက သူက အဲဒီ့ကောင်မလေးဆီကနေ
ဟောင်ကောင်ဝင်ခွင့်ဗီဇာ နဲ့ အဲဒီ့မှာလုပ်ဖို့
အလုပ်တွေကိုတောင်ရှာခိုင်းထာြး
ပီးပြီလေ။
အဲဒီလိုနဲ့ သူနဲ့ အဲဒီကောင်မလေးတို့ ချစ်လာကြတာ သုံးလခွဲလောက်ကြာတော့
သူငယ်ချင်းတွေ အားလုံးက မင်းမိန်းမနဲ့ ကလေးကိုငဲ့ညှာပါကွာလို့ အတန်တန်
နားချတဲ့စကားတွေကြောင့် အဲဒီ့ကောင်မလေးကို သူ့ရဲ့အကြောင်းကို
အမှန်ကိုပြောပြခဲ့တယ်။ ကလေးတစ်ယောက်နဲ့ မိန်းမ ရှိတယ်ဆိုတဲ့
အကြောင်းပေါ့။ ပထမ ပြောတုန်းက ကောင်မလေးက မယုံဘူး။ ဒါပေမဲ့ နောက်ပိုင်း
ဓါတ်ပုံတွေပါပြ တော့မှသူယုံသွားတယ်။ ဒါပေမဲ့ အဲဒီ့မှာတင်
ဇာတ်လမ်းကပြီးသင့်နေပေမဲ့ ကောင်မလေးက တကယ့်ကို ချစ်သွားခဲ့တာ
ဆိုတော့သူ့ခမျာ အရူးအမူးဖြစ်နေခဲ့တယ်။
နောက်ဆုံးကောင်မလေးကဘာပြောလဲဆိုတော့ အဲဒီသူ့ရဲ့မိန်းမထံ ပြန်မသွားပဲနဲ့
သူ့ဆီကိုလာခဲ့ဖို့၊ သူ့ဘက်ဗီဇာ လုပ်ပြီးပို့လိုက်မယ်၊
ဒီမှာအလုပ်ပါရှာထားပေးမယ် တဲ့။ အခုထက်ထိတော့ သူရဲ့အကြောင်းကို
အားလုံးသိနေတာတောင် အဲဒီကောင်မလေးခမျာ အဆက်အသွယ်မဖြတ်ပဲနဲ့
ဖုန်းခေါ်တာကတစ်မျိုး၊ SMS message -တွေကတစ်ဖုံ၊ chatting -မှာ
ချက်ကြတာတစ်မျိုးနဲ့ အဆက်အသွယ်မပြတ်သေးတာ ဘယ်သူ့ဘက်က အပြစ်ရှိတယ်လို့
သူငယ်ချင်းတို့ ထင်ကြပါလဲ။
ချစ်သူစုံတွဲတိုင်း အချစ်ကို မဆော့ကစားပဲ တကယ့်အချစ်စစ်အချစ်မှန်နဲ့
ချစ်ကြတဲ့ ချစ်သူစုံတွဲတွေသာ ဖြစ်ကြရင် ဒီလောကကြီးဟာ အရမ်းကို
သာယာကြည်နူးဖွယ်ကောင်းမှာပဲနော်။ အခုတော့..........။
Saturday, 18. April 2009, 10:00:26
/www.18shame.com
www.mmxblog.co.cc
Saturday, 18. April 2009, 08:12:23
ချစ်သူနဲ့ ကြိုက်သူ
ချစ်တဲ့သူရှေ့မှာ နှလုံးခုန်တာ ပိုမြန်နေတယ်
ဒါပေမဲ့...ကြိုက်တဲ့သူရှေ့ကျတော့ ပျော်နေတယ်လို့  ခံစားရတယ်။
ချစ်တဲ့သူရှေ့မှာ ဆောင်းရာသီဟာ နွေဦးရာသီလို ထင်ရတယ်...
ဒါပေမဲ့...ကြိုက်တဲ့သူရှေ့ကျတော့ ဆောင်းရာသီဟာ လှပတဲ့ဆောင်းရာသီပါပဲ။
ချစ်တဲ့သူမျက်လုံးထဲ ကြည့်လိုက်တဲ့အခါ ရှက်သွေးဖြန်းသွားတယ်..
ီဒါပေမယ့်...ကြိုက်တဲ့သူမျက်လုံးထဲကြည့်လိုက်တော့ ပြုံးပြဖြစ်တယ်။
ချစ်တဲ့သူရှေ့မှာ စိတ်ထဲရှိတာ ဘာမှမပြောနိုင်ဘူး...
ဒါပေမဲ့..ကြိုက်တဲ့သူရှေ့ကျတော့ ပြောပြနိုင်တယ်။
ချစ်တဲ့သူရှေ့မှာ..ရှိုးတိုးရှန်းတန့်  ဖြစ်လေ့ရှိတယ်..
ဒါပေမယ့်...ကြိုက်တဲ့သူရှေ့ကျတော့ ကိုယ့်ပင်ကိုအတိုင်း နေပြတတ်တယ်။
ချစ်တဲ့သူမျက်လုံးကို တည့်တည့်စိုက်မကြည့်နိုင်ဘူး..
ဒါပေမယ့်...ကြိုက်တဲ့သူမျက်လုံးကိုကျတော့ အမြဲတမ်းပြုံးပြနိုင်တယ်။
ချစ်တဲ့သူငိုတဲ့အခါ သူနဲ့ အတူလိုက်ငိုတယ်...
ဒါပေမယ့်...ကြိုက်တဲ့သူငိုတဲ့အခါကျတော့ သူ့ ကိုနှစ်သိမ့်အငိုတိတ်စေတယ်။
ချစ်တဲ့ခံစားမှုဟာ မျက်လုံး အမြင် ကစတယ်...
ဒါပေမယ့်...ကြိုက်တဲ့ခံစားမှုကျတော့ နားအကြားကစတယ်။
ဒါကြောင့်...ကြိုက်တဲ့သူကို ဆက်မကြိုက်ချင်တော့ရင် သင့်နားတွေကို ပိတ်ထားလိုက်ပါ။
ဒါပေမယ့်...သင့်မျက်လုံးကို ပိတ်ဖို့ ကြိုးစားခဲ့ရင် အချစ်က မျက်ရည်စက်အဖြစ်ပြောင်းသွားပြီး
နှလုံးသားထဲ ထာဝရတည်နေတော့မှ
Sunday, 1. March 2009, 03:49:33
Wednesday, 18. February 2009, 05:40:23
လူဘ၀ဆိုတာပန်းပုထုသလိုမလိုချင်တာ
တွေကိုလွှန့် ပစ်လို့ မရဘူးလေ
ရတာအားလုံးလက္ခံ့ပေးရတာပေါ့ 
1 2 3 Next »
Showing posts 1 -
10 of 23.